စီးပွားရေးသတင်း — ရန်ကုန်၊ နိုဝင်ဘာ ၁၉၊ ၂ဝ၁၂
ရန်ကုန်မြို့ ကားအရောင်းပြခန်း တစ်ခု မြင်ကွင်း

ရန်ကုန်မြို့ ကားအရောင်းပြခန်း တစ်ခု မြင်ကွင်း

ယခု လတ်တလော ကားဈေးကွက် အခြေအနေသည် ယခင်ကထက် ကျဆင်းသွားသည်ဟု ဆိုရာ အိမ်စီးကား ဝယ်ယူ လိုသည့် ဝယ်လက်များထံ၌ အတန် အသင့် ပြည့်စုံသွား၍လည်းကောင်း၊ ဈေးကွက် အတွင်း၌ ဝယ်လို အား ကျဆင်း ရခြင်းမှာ CIF တန်ဖိုးများ ပြောင်းလဲမည်ဟု မြန်မာ့အလင်း သတင်းစာတွင် တရားဝင် ကြေညာ လိုက်ခြင်းကြောင့်   ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် ကားတင်သွင်းသူ တစ်ဦးက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

ကားတင်သွင်းသူ ကိုကျော်ဆန်းဦးက “CIF တန်ဖိုးတွေ အခွန်နှုန်းထားတွေ လျှော့ချတော့မယ် ဆိုတော့ ကားဈေးက ကျတော့ မယ် ဆိုပြီးတော့ ကားအရောင်း အဝယ် တော်တော်လေး ကျသွားတယ်။ နောက်နှစ်ဆန်းမှာ CIF တန် ဖိုးတွေ ပြောင်းမယ်လို့ ပြောခဲ့တယ်။ ဒါကလည်း ဝန်ကြီးဌာနမှာ ပြုပြင်ပြောင်းလဲမယ့် အချက်ပါ။ ဘယ်လောက်ကျမယ်သာ မသိတာ။ လာမယ့် နှစ်ဆန်းမှာ ပြောင်းလဲမယ် ဆိုတာ သိနေကြပြီ ဆိုတော့ ဈေးကွက် ထပ်အေးတာပေါ့” ဟု ဆိုသည်။

ထို့အပြင် ကားတင်သွင်းသည့် ကုမ္ပဏီ များပြားလာခြင်း ကြောင့်လည်း ဈေးကွက်သဘောတရားအရ ဝယ်လိုအားနှင့်   ရောင်းလိုအား မမျှတမှုများ ဖြစ်လာရာ “Supply များလာရင်လည်း ရောင်းလို အားက တက်သွားပြီး ဝယ်လိုအား ကျသွားတယ်။ အရင်တုန်းက ကားပြခန်းဆိုတာ မနည်း လိုက်ရှာပြီး လှည့်ပတ် ကြည့်နေရတယ်။ အခုတော့ ခလုတ်တိုက် တိုင်း ကားပြခန်းရှိတယ်။ အဲဒီတော့ ရောင်းလိုအား ကသာ များနေတာ ဝယ်လိုအားက နည်းလာတယ်” ဟု ယင်းကပြော သည်။

CIF တန်ဖိုး ပြောင်းလဲ လိုက်ခြင်းဖြင့် ဈေးကွက်အခြေအနေမှာ လုံးလုံးကြီး ပြောင်းလဲမသွားနိုင်ကြောင့် ပေါ်လစီ မိတ်ကာ များ ပေါ်တွင်လည်း မူတည်နိုင်ကြောင်း၊ CIF တန်ဖိုး ၅ ထောင်ထိ သတ်မှတ်ထားသည့် အတွက် ယင်းပေါ်လစီ နှင့် ပတ်သက်ပြီး အငြင်းပွားစရာ မရှိသော်လည်း ယင်း၏အမြင်အရ “CIF တန်ဖိုး ၅ ထောင်ထိ သတ်မှတ် ပေးထားတဲ့အတွက် သိပ်အငြင်းပွားစရာ မရှိဘူး။ လက်ခံလို့ရတယ်။ သို့ပေမယ့် ၂ဝဝ၂ မော်ဒယ် ကနေ ၂ဝဝ၃ မော်ဒယ် ဖြစ်လာလို့ ဒေါ်လာ ၃ ထောင် ခုန်တက်တယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ တကယ်တမ်း က မော်ဒယ်ကွာလို့ ပြင်ပဈေးကွက်မှာ ဘယ်လောက်မှ မကွာဘူး။ အဲဒီလိုဆိုရင် ပေါ်လစီ မိတ်ကာတွေရဲ့ အမှားအယွင်းကြောင့် ဂျပန်က ပိုချမ်းသာသွားတယ်” ဟု သုံးသပ် ပြော ဆိုသည်။

ဝ၁၅

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*