ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၆၊ ၂၀၁၇


ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံထားရတဲ့ အလဲဗင်း မီဒီယာဂရုရဲ့ စီအီးအို ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးက အာမခံ ပေးလိုက်ပါတယ်။

ဒေါက်တာ သန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ကို တရားရုံးက ငွေကျပ် သိန်း ၅၀၀ နဲ့ အာမခံ ပေးလိုက်တာပါ။ အလဲဗင်း မီဒီယာဟာ ဝန်ကြီးချုပ် တစ်ဦး ဒေါ်လာ တစ်သိန်းတန် Patek Philippe နာရီတစ်လုံး စီးပွားရေးသမား တစ်ယောက်ဆီက လက်ဆောင် ရယူခဲ့တယ်လို့ ရေးသား ခဲ့တာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စီအီးအို ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အလဲဗင်းမီဒီယာရဲ့ အမှုဟာ အာမခံနှစ်ကြိမ် လျှောက်ထားခဲ့ပေမဲ့ ပယ်ချခံခဲ့ရပြီး တရားစွဲခံရပြီး တစ်လကျော် ကြာပြီးနောက်မှာ အလဲဗင်း မီဒီယာက တရားဝင် ဝန်ချ တောင်းပန်ကြောင်း ဒီဇင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန် ကြေညာပြီးနောက်မှာ အခုလို အာမခံချက် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *


*