ပြည်တွင်းသတင်း — ရန်ကုန်၊ အောက်တိုဘာ ၂၈၊ ၂၀၁၆

Samsung မှ စီစဉ်သည့် မြန်မာနိုင်ငံရှိ လူငယ် အဆိုဝါသနာရှင်များကို အဆင့်ဆင့် ရွေးချယ်မည် ဖြစ်သည့် Galaxy Star အစီအစဉ်မှ နောက်ဆုံး အောင်မြင်သူကို ငွေကျပ် သိန်း ၁၀၀၀ ချီးမြှင့်မည် ဖြစ်ကြောင်း Samsung Myanmar ၏ IT and Mobile တာဝန်ခံ ကိုဇာနည်ဝင်းထက်က ပြောသည်။

ထို့ပြင် ကိုရီးယားနိုင်ငံတွင် အခွေထုတ် ပေးမည် ဖြစ်သဖြင့် ကမ္ဘာ့ဂီတ လောကသို့ ရောက်ရှိနိုင်မည့် အခွင့်အလမ်းကို ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ မည်သူမဆို Galaxy Star အစီအစဉ်တွင် တစ်ဦးချင်းစီ (သို့မဟုတ်) အဖွဲ့လိုက် ပါဝင် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး အဆင့် ၅ ဆင့် ဖြတ်ကျော်ပြီး နောက်ဆုံး အောင်မြင်သူကိုသာ ရွေးချယ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဖြစ်ပါတယ်။ Galaxy Star အစီအစဉ်ကတစ်ဆင့် မြန်မာနိုင်ငံမှာရှိတဲ့ အရည်အချင်းရှိ လူငယ်တွေကို K-Pop နဲ့ ‘Hallayu’ (Korean Wave) လို့ခေါ်တဲ့ ကိုရီးယားနိုင်ငံရဲ့ အောင်မြင်နေတဲ့ ဖျော်ဖြေရေး ကဏ္ဍ အငွေ့အသက်ကို အပြည့်အဝ ပေးစွမ်းနိုင်မယ်လို့လည်း ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အသက် ၁၅ နှစ် မှ ၁၈ နှစ်အတွင်းရှိ လူငယ်များ အနေဖြင့် အုပ်ထိန်းသူ ခွင့်ပြုချက် နှင့်အတူ နိုင်ငံသား မှတ်ပုံတင် ယူဆောင်လာရန် လိုအပ်ပြီး အသက် ၁၈ နှစ် အထက် ပြိုင်ပွဲဝင်လိုသူများအနေဖြင့် နိုင်ငံသား မှတ်ပုံတင် ယူဆောင်လာရန်သာ လိုအပ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို အတွက် Samsung Myanmar မှ Namin Co., Ltd နှင့် ပူးပေါင်း လက်တွဲ ပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)

  1. ပျော်ရွှင်ပါစေ

Leave a Reply

Your email address will not be published. Required fields are marked *

*