ရန်ကုန်မြို့၊ ဆူးလေးဘုရားအနီးတွင် ယနေ့နေ့လယ်က ဆန္ဒဖော်ထုတ်ကြစဉ်

ရန်ကုန်မြို့၊ ဆူးလေးဘုရားအနီးတွင် ယနေ့နေ့လယ်က ဆန္ဒဖော်ထုတ်ကြစဉ်

Generation Youth အဖွဲ့မှဦးဆောင်ပြီး ၊ ရန်ကုန်မြို့ ၊ ဆူးလေစေတီ ကုန်းတော်ပေါ်တွင် ယနေ့ နေ့လည် ၃ : ၃ဝ ခန့်တွင် ဆန္ဒထုတ်ဖော် ဆုတောင်းမှုတစ်ခုပြု လုပ်ခဲ့သည်။ ထိုဆန္ဒဖော်ထုတ်မှု တွင် မအူပင်မြို့နယ် မလက်တိုကျေးရွာ ၊ ကျောက်ပန်းတောင်း နှစ်ကျပ်ခွဲကျေးရွာ တို့တွင် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသောပြည်သူများနှင့် ထပ်တူ ဝမ်းနည်းကြေ ကွဲကြောင်း အကြမ်းဖက် ဖြိုခွင်းမှုများကို ဤနေရာမှ ရှုတ်ချလိုက်ကြောင်း လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုတွင် ပါဝင်သော တရားခံများကို ဖော်ထုတ် အရေးယူပေးစေလို ကြောင်း၊ ဒီမိုကရေစီ အစိုးရဖြစ်သည့် အတွက်ပြည်သူ့အသံကို နားထောင်ရန် လိုအပ်ကြောင်း၊ ပြည်သူ့ဆန္ဒ မပါသော ပြည်သူ လက်မခံနိုင်သော လက်ပံတောင်း ကြေးနီစီမံကိန်းအား လက်မခံနိုင်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပြီး  လက်ပံတောင်း အကြမ်းဖက်မှုတွင် ပါဝင်သော တရားခံများအားဖော်ထုတ် အရေးယူပေးရေး ဒို့အရေး၊ လက်ပံတောင်းတောင် ဖျက်သိမ်းပေးရေး ဒို့အရေး၊ ကြွေးကြော်သံများ ကြွေးကြော်ခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ၄ နာရီ ၁ဝ မိနစ်အချိန်အထိပြုလုပ်ခဲ့ပြီး ဆန္ဒဖော်ထုတ်မှုကို အေးချမ်းစွာ လှုပ်ဆောင်နိုင် ခဲ့ကြောင်း တွေ့ရသည်။ ယင်းဆန္ဒဖော် ထုတ်မှုပြုလုပ်ရန် တရားဝင် ခွင့်ပြုချက် တောင်းခံ ထားခြင်း မရှိကြောင်းနှင့် သက်ဆိုင်ရာမှ ဆန္ဒဖော်ထုတ်စဉ်တွင် လာရောက် တားမြစ်ခြင်း မရှိကြောင်း တွေ့ရသည်။

ဝ၈၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*