စီးပွားရေးသတင်း — ရန်ကုန်၊ မတ် ၁၂၊ ၂ဝ၁၃

Iphone, Ipad, Ipod Touch များအတွက် မြန်မာစာရိုက်နှိပ်နိုင်ရန် ttkeyboard ကို ပြီးခဲ့သည့် ဖေဖော်ဝါရီက ထုတ်လုပ် ထားကြောင်း သိရသည်။ ယင်းသည် IOS devices များတွင် အသုံးပြုနိုင်သော ဇော်ဂျီကီးဘုတ် အသစ် တစ်မျိုးဖြစ်သည်ဟု သိရသည်။

ယင်းတွင် Myanglish နှင့်ရိုက်၍ မြန်မာစာသားများ ရရှိနိုင်သည့် myRoman ကီးဘုတ်နှင့် ကီးဘုတ်မှ စာရိုက် ရသော အချိန်များကို အတတ်နိုင်ဆုံး လျော့ကျအောင် လုပ်ဆောင်ပေးသည့် Smart Zawgyi ဟု နှစ်မျိုး ပါဝင် ကြောင်း သိရသည်။ အဆိုပါ ကီးဘုတ်ကို အသုံးပြုနိုင်ရန် မိမိ၏ IOS သည် IOS version 6.0 ဖြစ်ရမည် ဖြစ်သည်။ ယင်းကို စမ်းသပ် အသုံးပြုသည့် အနေဖြင့် ၁ဝ ရက် အသုံးပြုနိုင်ပြီး ဆက်လက် အသုံးပြုမည်ဆိုပါက ဝယ်ယူ သုံးစွဲရမည် ဖြစ်ကြောင်း သိရသည်။ စမ်းသပ်ဗားရှင်းကို အသုံးပြုလိုသူများသည် http:// ttkz.me/blog/2012/02/21/myanmarkeyboard-for-ios5-ipadiphoneipod-touch/ တွင် ရယူနိုင်မည် ဖြစ်သည်။ ယင်းကို ဝယ်ယူသုံးစွဲလိုပါက ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများ ဖုန်းအရောင်းဆိုင်များတွင် ၂၅ဝဝ ကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ ယင်းကို ရေးသား ထုတ်ဝေသူမှာ ကိုသန့်သက်ခင်ဇော် ဖြစ်သည်။

ဝ၃၃

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*