ပညာရေး သတင်း ပြည်တွင်းသတင်း — နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၇

Johns Hopkins တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေကို မြန်မာနိုင်ငံမှ သင်တန်းသား/သူ တွေ ပိုမိုစေလွှတ်နိုင်ရေး ကိစ္စကို ဒီကနေ့ မနက်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံ Johns Hopkins တက္ကသိုလ်၊ School of Advanced International Studies (SAIS) အရှေ့တောင် အာရှ လေ့လာရေး ဂုဏ်ထူးဆောင် ပါမောက္ခနဲ့ အဖွဲ့ဝင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးမှုကို နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်‌ခန်းမမှာ ပြုလုပ်ခဲ့ကြတာပါ။ ဒါ့အပြင် အမေရိကန် တက္ကသိုလ်တွေမှ ပညာရှင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ စွမ်းအင် ကဏ္ဍမှာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေဘဲ စွမ်းအင် ထုတ်လုပ် နိုင်မယ့် နည်းပညာတွေ ပံ့ပိုးပေးနိုင်မှု ကိစ္စတွေ အပေါ်မှာလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*