KIA / TNLA / MNDAA / AA အကြမ်းဖက် သောင်းကျန်းသူတွေ ဆုတ်ခွာသွားတဲ့ နောက်ကို ထပ်ချပ်မကွာ လိုက်လံပြီး အမြစ်ဖြတ် ချေမှုန်းဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ရောက်ရှိစဉ်မှာ အခုလို ပြောကြား လိုက်တာပါ။ ဒါ့အပြင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းကို လုံခြုံမှု အပြည့်အဝရှိအောင် အမြန်ဆုံး ဆောင်ရွက်ရန်၊ ကားလမ်းပေါ်မှာ အရပ်ဝတ်နဲ့ အရပ်သား အသွင်ယူပြီး လမ်းကြောင်း ပိတ်ဆို့ခြင်း၊ နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တံတားတွေကို ဖေါက်ခွဲ ဖျက်ဆီးခြင်း လုပ်ဆောင်နေတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို နယ်ဘက် အဖွဲ့အစည်းတွေ၊ ပြည်သူ့ စစ်တွေ၊ ဒေသခံ ပြည်သူတွေနဲ့ ပူးပေါင်းပြီး သတင်းဖေါ်ထုတ် ရှင်းလင်းရေး၊ ရန်သူ့ သတင်း လက်ဦးမှု ရရှိရေး၊ လုံခြုံရေးနဲ့ နယ်မြေ စိုးမိုးရေး တာဝန်တွေကို စစ်ရေးသတိနဲ့ စနစ်တကျ လုပ်ဆောင်ရေး တို့ကို မှာကြားခဲ့ပါတယ်။

မုံးကိုးမြို့နယ်ခွဲမှာ အိမ်ခြေ ၄၄၂၁ လုံးရှိပြီး လူဦးရေ ၂၄၂၇၃ ဦး ၊ တရုတ်လူမျိုး ၅၄ ရာခိုင်နှုန်းကျော်၊ ကချင်လူမျိုး ၂၈ ရာခိုင်နှုန်းကျော်၊ ပလောင်လူမျိုး ၂ ရာခိုင်နှုန်းကျော်၊ လီဆူးလူမျိုး ၅ ရာခိုင်နှုန်းကျော်နဲ့ ကိုးကန့်လူမျိုး၊ လီရှောလူမျိုး၊ မုံးဝန်းလူမျိုး၊ ရှမ်းလူမျိုး၊ ဗမာလူမျိုး၊ ဝလူမျိုးတွေ အနည်းငယ် နေထိုင်ကြပြီး ဟေမိုးလုံကျေးရွာမှာ အိမ်ခြေ ၁၈၀ လုံး၊ လူဦးရေ ၁၄၀၀ ကျော် နေထိုင်ကာ တရုတ်လူမျိုးတွေ ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*