နိုင်ငံတကာသတင်း — မတ် ၂၂၊ ၂ဝ၁၃

တင်ပါးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ဂီတပွဲစဉ်အချို့ကို ဖျက်သိမ်းကာ ခေတ္တအနားယူနေ သော အမေရိကန် အဆိုတော် Lady Gaga သည်  Vampire Diaries ဇာတ်ကား သရုပ်ဆောင် Taylor Kinney နှင့် မကြာခင် လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲရန် ပြင်ဆင်နေပြီ ဖြစ်သည်။

မင်္ဂလာ အခမ်းအနားကို Gaga ၏ အဘွားဖြစ်သူ Angelina Germanotha တက်ရောက်နိုင်ရန် အတွက် နယူး ယောက်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။ Lady Gaga က သူ၏ မင်္ဂလာဝတ်စုံကို ဒီဇိုင်းထုတ်လုပ် ရန် ဒီဇိုင်နာ Donatella Versace ကို ရွေးချယ်ခဲ့သည်။ ဖက်ရှင်အဆန်း ထွင်ရာ၌ ကျော်ကြားလှသော Gaga သူ၏ မင်္ဂလာဝတ်စုံကို အနက်နှင့် ရွှေရောင် ပိုးထည်များဖြင့် ချုပ်လုပ်ရန် မှာကြားခဲ့ပြီး အတွင်းခံ ကိုယ်ကျပ် အင်္ကျီပေါ်တွင် စိန်ပွင့်များ စီခြယ်ထားစေမည် ဖြစ်သည်။ ထို့အပြင် သတို့သမီးဝတ်စုံ၏ အောက်ဆွဲအနားရှည် ကြီးကို နောက်ထပ် ဝတ်ရုံတစ်ခုအဖြစ် အသွင်ပြောင်း ဝတ်ဆင်နိုင်ရန်လည်း စီမံထားစေမည် ဖြစ်သည်။

Lady Gaga နှင့် Taylor Kinney တို့၏ မင်္ဂလာ အခမ်းအနားကို နွေရာသီ ကာလအတွင်း ကျင်းပလိမ့်မည် ဟု တစ်ပေး ပြောကြားလျက် ရှိကြသည်။

Ref: The Sun

ဝ၃၉

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*