အနုပညာသတင်း — ရန်ကုန်၊ ဧပြီ ( ၆ ) ၂၀၁၂

ဗေလုဝ

NAING Group သင်္ကြန်မဏ္ဍပ်ကို ဆောင်လုပ်ရေးကုမ္ပဏီ၏ promotion အနေဖြင့် ယခုနှစ်တွင် ပထမ ဦးဆုံးဆောင်လုပ်၍ အနုပညာရှင်များစွာပါဝင်မည်ဟု NAING Family Group Cherry Oo မှ general  Manager  ကိုကျော်ကျော်မိုး က  MIJ သို့ပြောကြားသည်။

မဏ္ဍပ်စီစဉ်မှုနှင့် ပတ်သက်၍ မဏ္ဍပ်ဆောက်လုပ်ခွင့်ရရှိ၍ ၂၉ ရက်နေ့က စတင်ဆောက်လုပ်နေပြီဖြစ် ကြောင်း decoration  ပိုင်းသာ ကျန်တော့ကြောင်းပြောကြားသည်။ ရေသွယ်ယူမှုနှင့်ပတ်သက်၍ ရေသွယ်ယူ ခွင့်ရရှိပြီဖြစ်သောကြောင့် အင်းယားကန်မှ သွယ်ယူမည်ဖြစ်ကြောင်း လျှပ်စစ်မီးကို EPC  က သွယ်ယူခွင့် လျှောက်ထားရာရရှိပြီဖြစ်ကြောင်း ကိုကျော်ကျော်မိုးက ပြောကြားခဲ့သည်။

NAING Group သင်္ကြန်တွင်ပါဝင်သော အနုပညာရှင်များက သင်္ကြန်တွင် ပြုလုပ်မည့်အစီစဉ်များကို မြန်မာအင်ဒီပဲန်ဒင့် သို့ပြောကြားရာတွင်  ကိုဆောင်းဦးလှိုင်က ပါဝင်ဖြစ်ခြင်းသည် အပွင့်လင်းဆုံး ပြောရမည်ဆိုပါက နာမည် ကြီးနေ၍ခေါ်ငှားခြင်းမဟုတ်ကြောင်း NAING Group နှင့် လူမှုရေးကိစ္စတွေရှိသောကြောင့် မိတ်ဆွေချင်းလာ ဆိုပါဆိုသောကြောင့် ပါဝင်ခြင်းဖြစ်ကြောင်း ပြောသည်။

ဆက်လက်၍ ကိုဆောင်းဦးလှိုင်က သံချပ်တွေကို “ အသက် ၄၁ နှစ်ရှိပြီဖြစ်သောကြောင့် အရင်တုန်း ကမှီခဲ့ပါတယ်။ ကိုမေတ္တာတို့ ဦးဗေလုဝတို့ သံချပ်တွေဟာထိရောက်မယ်ဆိုရင် ကျွန်တော်ဘေးက လက်ခုပ်ဝိုင်း တီးမယ်၊ ရယ်မယ်” ဟု ပြောပြီး သံချပ်တွေသည် အင်မတန်ကောင်းမွန်ကြောင်းကို ပြောကြားခဲ့သည်။

တေးရေး ကိုစောခူဆဲက NAING Group သင်္ကြန်မှာဝင်၍ ကူညီပြီး သီချင်းအသစ်တစ်ပုဒ်သင်္ကြန် အတွက်ရေးထားကြောင်း ပြောကြားခဲ့သည်။

Plus-3 band  မှ ကိုဥက္ကာဦးသာက သင်္ကြန်တွင် NAING Group  မဏ္ဍပ်တွင် ၅ ရက်လုံး ပါဝင်တီး ခတ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

NAING Group သင်္ကြန်တွင်ပါဝင်သော အနုပညာရှင် မိုးယုစံက “ မိုးယုတို့ အပိုင်းကြတော့ သံချပ်တွေ ဘာတွေနားမထောင်ဘူးတော့ သံချပ်နဲ့ပတ်သက်ပြီး သိပ်မသိဘူး။ သင်္ကြန်မှာသီချင်းဆိုပြီး အကပါလျှင်ကမှာ ပါ” ဟု ပြောကြားခဲ့သည်။

သာဓုပါဗျာ သံချပ်အဖွဲ့ကို ဦးစီးသော ဦးမေတ္တာ၊ ဦးဗေလုဝ၊ ဦးကုသိုလ်တို့သုံးယောက်မှ ဦးကုသိုလ်က “ သံချပ်ကတော့ သံချပ်ပါပဲ၊ နောက်မျိုးဆက်သစ် လူငယ်တွေသံချပ်ဆိုတာကြားဖူးအောင် ဦးတို့သုံးယောက်က မျိုးစေ့ချပေးတဲ့သဘောမျိုးပါ” ဟုပြောသည်။

၁၉၈၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော သံချပ်နှင့်ယခု ၂၀၁၂ ခုနှစ်တွင် ပြုလုပ်မည့် သံချပ်အကြောင်းကို ဦးကုသိုလ်က သံချပ်ဆိုသည်မှာ သင်္ကြန်သမားတွေသည် ပြည်သူလူထု၏ အခက်ခဲများကို သရော်သော သဘောမျိုးနှင့် သံချပ်ထိုးခြင်းဖြစ်ကြောင်း၊ သံချပ်ထိုးပြီးလျှင် အတာရေနှင့်ပက်ဖြန်းပြီးမကောင်းမှုများမပါ ကြောင်းပြောသည်။

ဆက်လက်၍ သံချပ်တိုင်ခြင်းကို တိုက်နေသည်မှာမပြီးသေးကြောင်း၊ အားလုံးက လောဘကြီး၍ မရမချင်း မညီမချင်းတိုက်နေခြင်းဖြစ်ကြောင်း၊ သံချပ်ထိုးမည့်ညီငယ်များ နောက်ထပ် အယောက် ၂၀ ပါဝင်မည်ဖြစ်ကြောင်း ကိုဦးကုသိုလ်က ပြောကြားခဲ့သည်။

ဟစ်ဟော့အဆိုတော် Naine One ကသင်္ကြန်တွင် NAING Group မဏ္ဍပ်၌ သီဆိုမည်ဖြစ်ကြောင်း၊ စုံတွဲသီချင်းအနေဖြင့် အိမ့်ချစ်နှင့်ဆိုထားသည့် သီချင်းကို အဆိုတော်အိမ့်ချစ် မန္တလေးသွားမည်ဖြစ်သော ကြောင့် အဆိုရှင်ဂေးဂေးနှင့်ယင်းစုံတွဲသီချင်းကို သီဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၀၀၃, ၀၀၅

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.