လူမှုရေးသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၁၀၊ ၂၀၁၇


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် သုံးစွရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီက ငြိမ်းချမ်းရေး ရံပုံငွေ ကျပ်သိန်း နှစ်ထောင်ကို လှူဒါန်းခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦးက ပြောကြားသည်။ အဆိုပါ ရံပုံငွေကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC အဖွဲ့ဝင် ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တဆင့် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးရန်ပုံငွေ လှူဒါန်းပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ လစာချီးမြှင့် ငွေများအနက်မှ ၂၅ ရာခိုင်နှုန်းကို ပါတီရံပုံငွေ အဖြစ်သတ်မှတ်ပြီး စုဆောင်းထားပြီး အဆိုပါငွများအနက်မှ “ကျပ်သိန်း နှစ်ထောင် ကို အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်း ဆောင်ရွက်မှုများတွင် သုံးစွဲရန် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လစဉ်စုဆောင်းငွေ ၂၅ ရာခိုင်နှုန်း ကောက်ခံခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သွားဦးမည် ဖြစ်ကြောင်း ပါတီထိပ်ပိုင်း တာဝန်ရှိသူများက ပြောကြားထားသည်။

အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ရံပုံငွေ အခြေအနေနှင့် ပါတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ပြီးခဲ့သည့်လက NRPC ရုံးတွင် ပြုလုပ်ခဲ့သည့် JMC အစည်းအဝေးတွင်မူ မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များ ရံပုံငွေမရှိသဖြင့် မစတင်နိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*