တိုင်းရင်းသားသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဧပြီ ၃ဝ၊ ၂ဝ၁၂

ချင်းတိုင်းရင်းသားပါတီကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်း၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဒေါ်စုစုလှိုင်၊ ကျားဖြူပါတီကိုယ်စားလှယ် ဒေါ်နန်းဝါနု ( ဝဲမှယာ)

၂ဝ၁၂ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် National League for Democracy မေလ ၂ ရက်နေ့တွင် လွှတ်တော်သို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

NLDပါတီသည် “ကာကွယ်စောင့်ရှောက်ပါမည် ” ဆိုသည့် ကျမ်းကျိန်လွှာပါ စာသားအား “လေးစားလိုက်နာပါမည် ”ဟု ပြောင်းလဲရန် အကြံပြုထားသည်။ ထိုသို့ အကြံပြုချက်နှင့် ပတ်သက် ပြီး NLD ပါတီ လွှတ်တော်သို့ မတက်ရောက်ခဲ့သည့်အပေါ် ချင်းတိုင်းရင်းသားပါတီ ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက “တောင်တန်းဒေသကလာတဲ့သူတွေကတော့ အားငယ်တယ်။ ကျွန်တော်တို့က သူတို့ကို အားကိုးနေသလို သူတို့ကလဲ ကျွန်တော်တို့ကို အားကိုးတယ်။ ကျွန်တော်တို့တွေ ပူးပေါင်းလို့ရနိုင်တယ်။ ရွေးချယ်ခံပြီးတဲ့ ပါတီအနေနဲ့ NLD တက်လာမယ်ဆိုတာယုံတယ် ”ဟုMIJသို့ ပြော သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကွန်ဟိန်း မဲဆန္ဒနယ် ကျားဖြူပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက “လွှတ်တော်ကို တက်စေချင်တယ်။ လွှတ်တော်မှာ လုပ်ရကိုင်ရတာ ဘယ်လောက်အခက်အခဲရှိတယ်ဆိုတာလည်း မြင်စေချင်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ Constitution ပြင်ဖို့ဆိုတာ ကျွန်မတို့ အင်အားတစ်ခုတည်းနဲ့ မရဘူး၊ သူတို့ကိုပါ ပူးပေါင်းစေချင်တယ်။ ဒါကြောင့် လွှတ်တော်ကို မြန်မြန်လာပါ/ ကြိုဆိုပါတယ် ”ဟု ဆိုသည်။

ဆက်လက်၍ တောင်ဒဂုံမြို့နယ် ကြံ့ခိုင်ရေးပါတီ ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလှိုင်က “ NLDက လွှတ်တော်ထဲ မရောက်သေးတော့ ပြင်ပကပြောနေတာတွေကို အတည်ယူလို့မရဘူး။ ကာယကံရှင် ကိုယ်တိုင်က လွှတ်တော်တွင်း ရောက်လာပြီး လွှတ်တော်ထဲမှ တောင်းဆိုသင့်တယ်။ လွှတ်တော်ထဲမှာ နိုင်ငံအတွက် ပြည်သူ့အ တွက် စစ်မှန်တဲ့ လိုအပ်ချက်တွေလုပ်ရမယ့် ကဏ္ဍတွေကို တောင်းဆိုတယ်ဆိုရင်တော့ ကောင်းတာပေါ့ ”ဟု ဆိုသည်။

 

MIJ 014

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.