ပြည်တွင်းသတင်း — ရန်ကုန်၊ ဧပြီ ၃ဝ၊ ၂ဝ၁၂

NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်မှ ပြောကြားစဉ်

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များသည် မေ လ ၂ ရက်နေ့တွင် လွှတ်တော်သို့ တက်ရောက်မည် ဖြစ်ကြောင်း ယနေ့ ဧပြီလ ၃ဝ ရက်နေ့တွင် အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြေကြားပြီးနောက် ““ရွေးကောက်ပွဲပြီးတော့ မဲပေးတဲ့ ပုဂ္ဂိုလ်တွေက ဘာလို့ မတက်တာလဲ စိုးရိမ်တကြီး မေးလာတယ်။ သူတို့ နားလည်အောင် ရှင်းပြတယ်။ ရှင်းပြရတာ လက်ဝင်တယ်။ ခုတော့ တက်တော့မယ်ဆိုတော့ သူတို့လည်း ပျော်သွားတယ်။ ကျတော်တို့လည်း ပေါ့သွားတယ် ””ဟု အမျိုးသားဒီမိုကရေစီဗဟိုကော်မတီဝင် ဦးဝင်းထိန်က ဆို၏။

လွှတ်တော် တက်ရောက်မည့် NLD ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ““စကားရပ် ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားသလို ကျမ်းသစ္စာကျိန်ဆိုမယ်လို့ ဆုံးဖြတ်လိုက်ရတာက ပြည်သူလူထုက တက်စေချင်တယ်။ ပြည်သူလူထုက မဲပေးပြီးမှ ဘာလို့ မတက်တာလဲလို့ မေးကြတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ဆန္ဒကို လိုက်လျောလိုပြီး မဟာမိတ်တွေကလည်း တက်စေချင်တယ်၊ လွှတ်တော်တက်ပြီးတော့မှ လုပ်စရာရှိတာတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ကတိပေးပါတယ် ဆိုပြီးပြောတော့ မဟာမိတ်တွေရဲ့ ဆန္ဒကို လိုက်လျောလိုတာပါ”” ဟု ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လွှတ်တော်တွင်း လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း- ““လွှတ်တော်ထဲမှာ ပထမဦးဆုံးအတွေ့အကြုံဆိုတော့ ဘာလုပ်ရမလဲဆိုတာ မပြောတတ်သေးဘူး။ ပါတီက မူဝါဒချထားတယ်၊ ၁၊ တရားဥပဒေစိုးမိုးရေး၊ ၂၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၃၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး၊ အဲဒါတွေကို တဖြည်းဖြည်း လုပ်သွားမယ်””ဟု ဦးဝင်းထိန်က ပြောကြားခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မေလ ၂ ရက် နေ့ လွှတ်တော်တွင် ကျမ်းကျိန်ရမည်ဖြစ်ပြီး ဧပြီလ ၂၃ ရက်နေ့က ပထမ ပုံမှန်ဒုတိယအစည်းအဝေးကို ကျမ်းကျိန်ဆိုရမည့် စကားရပ်နှင့် ပတ်သက်ပြီး တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရပါသည်။

 

MIJ 017

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.