ခေါင်းကြီးသတင်း ပြည်တွင်းသတင်း — ရန်ကုန် ဧပြီ ၃ဝ၊ ၂ဝ၁၂

ဒီချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်သို့ ပထမဆုံးအကြိမ် စည်းရုံးရေးသွားစဉ် ရိုက်ကူးထားသော ဓါတ်ပုံ photo by>> hanzaw.media

၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ် တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ် ၄၃ဦးအနက် ပြည်ပသို့ ခရီးထွက်သွားသော ကိုယ်စားလှယ်များမှအပ ကျန်ကိုယ်စားလှယ်များသည် မေလ ၂ ရက်နေ့တွင် လွှတ်တော်သို့ တက်ရောက်မည် ဖြစ်ပြီး၊ လိပ်ခဲတည်းလည်း ဖြစ်နေသော ကျမ်းကျိန်လွှာပါ စာသားဖလှယ်ရေးကိစ္စကို လွှတ်တော်တွင်းတွင် ကြိုးပမ်းမည်ဖြစ်ကြောင်း NLD နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ဧပြီလ ၂၃ရက်နေ့တွင် ပြန်လည်ကျင်းပသော တတိယအကြိမ် လွှတ်တော်အစည်းအဝေးသို့ NLD မှ လွှတ်တော်ကိုယ်စားလှယ်များအား တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း ကျမ်းကျိန်လွှာပါစာသားအား သဘောမတူပါသဖြင့် မတက်ရောက်ခဲ့ကြပေ။

နောက်ဆက်တွဲသတင်း

NLD ကိုယ်စားလှယ်များ မေ ၂ ရက်နေ့ လွှတ်တော်အတွင်းဝင်ရောက်မယ့် ကိစ္စနှင့်ပတ်သက်၍  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ နယ်၊ NLD ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က “လွှတ်တော်တက် ဖို့  ရွေးကောက်ပွဲဝင်တာပဲ၊ စာသားလေးပြောင်းဖို့ အငြင်းပွားမှုဖြစ်နေတာ ပါ”ဟုပြောခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၃ NLD ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်ကလည်း “ကျွန်တော့်အနေနဲ့ကတော့ ပါတီဝင်ဖြစ်တဲ့အတွက် ပါတီက ခိုင်းတဲ့အတိုင်းလုပ်မှာပါ၊ ကျွန်တော်ရဲ့ ရင်တွင်းခံစားချက်တွေကို ဘေးဖယ်ထားပြီး၊ အဖွဲ့ချုပ်ရဲ့ ဘောင်အတိုင်း သွားရမှာကျွန်တော့် တာဝန်ပဲဗျာ”ဟုပြောကြားခဲ့သည်။

လွှတ်တော်တက်ရောက်ရေးကိစ္စနှင့်ပတ်သက်ပြီး NLD ရုံးချုပ်တွင် ယနေ့ နံနက် ၁၁ နာရီက သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ဒေါ်အောင်ဆန်း စုကြည်က“အလျော့ပေးလိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ ပြည်သူ့ ဆန္ဒအတွက်ပါ”ဟု ထည့်သွင်းပြောကြားသွားသည်။

မြန်မာအင်ဒီပဲန်ဒင့်

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.