အုတ်တစ်ချပ်သဲတစ်ပွင့် — ရန်ကုန်၊ ဒီဇင်ဘာ၊ ၂ဝ၁၂

အသက်သည် သွေးဟူသော စကားအတိုင်း သွေးလိုအပ်၍ အရေး ပေါ်အသက်ကယ်ရမည့်ရောဂါဝေဒနာ ရှင်များအတွက် အရေးပေါ်သွေး အကူအညီပေးရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်၍ ပရဟိတ လုပ်ငန်း ဆောင်ရွက်နေ သည့် မြောက်ဥက္ကလာပ မြို့နယ် NLD-BG သွေး အကူ အညီပေးရေးနှင့် ပညာဒါန အဖွဲ့ကို အုတ် တစ်ချပ် သဲတစ်ပွင့် အဖြစ် ဖော်ပြပါသည်။

မြောက်ဥက္ကလာပမြို့နယ် အရေးပေါ်သွေးအကူအညီပေးရေး အဖွဲ့ကို ၂ဝ၁ဝ ခုနှစ်ထဲက စတင် လုပ်ဆောင် ခဲ့ပြီး NLD-BG အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကွန်ရက်ဝင် အဖြစ် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီ ၁ဝ ရက်တွင် စတင် ဖွဲ့စည်းခဲ့ကြောင်း မြောက်ဥက္ကလာပ မြို့နယ် BG သွေး အကူအညီပေးရေး အဖွဲ့ တာဝန်ခံ ဒေါ်သန်းသန်းနု က  ပြောကြား ခဲ့သည်။

သွေးအကူအညီပေးရေး စတင် ဖွဲ့စည်းဖြစ်ခဲ့ခြင်းကို အဖွဲ့တာဝန်ခံ က “ BG ဆိုတာကို အစတုန်းက နားမလည် ခဲ့ပါဘူး။ NLD-BG ဆိုတော့ BG က ဗိုလ်ချုပ်လို့ပဲ ထင်ခဲ့တာ။ နောက်တော့ မြို့နယ်ပေါင်းများစွာက NLD ကွန်ရက် လက်အောက်ခံ သွေး အကူအညီပေးရေး အဖွဲ့တွေ ဖွဲ့ကြတော့ ဖိတ်စာရတယ်။ အဲဒီမှာ သွားတော့ ကိုယ်တိုင် ပါဝင်ဖို့ မရည်ရွယ်ခဲ့ပေမယ့် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဝင် တာဝန်ခံ ၅ ယောက်ထဲက တစ်ယောက်မလာလို့ ဆက်သွယ်မယ့် ဖုန်းနံပါတ် တောင်းတော့ ကျွန်မတို့ ဖုန်းနံပါတ်ကို ပေးခဲ့တယ်။ အဲဒီလို စဖွဲ့တဲ့ညမှာပဲ အရေးပေါ် သွေးလိုတဲ့ လူနာရှင်က ဖုန်းဆက်တော့ တာဝန်ခံတွေကို သွားရှာတာ တစ်ယောက်မှ မတွေ့တော့ ကျွန်မတို့ ကပဲ သွေးလှူရှင် ရှာပြီး ဆောင် ရွက်ပေးလိုက်ရာ ကနေ ဝါသနာပါပြီး ဆက်တိုက် လုပ်ဖြစ်ခဲ့တာပါ” ဟု ပြောသည်။

မြောက်ဥက္ကလာပ NLD-BG တွင် အဖွဲ့ဝင်ပေါင်း ၈ဝ ဝန်းကျင်ရှိပြီး လူငယ် အများစုပါဝင်ကာ သွေးပုလင်းပေါင်း ၅ဝဝဝ ကျော်ကို အစိုးရ ဆေး ရုံနှင့် ပြင်ပဆေးရုံ၊ ဆေးခန်း ၂၄ ခုသို့ ချိတ်ဆက် လှူဒါန်းခဲ့ပြီး ဖြစ်သည်။

သွေးရှာဖွေ၍ လူနာထံ ပို့ဆောင်ပေးသူသည် လူနာထံမှ အခကြေးငွေ လုံးဝမယူရ။ လူနာ လိုအပ်သော အချိန် ကို အတိအကျ မေး၍ သွေးလှူ ရှင်ကို အချိန်မီပို့ဆောင်ပေးနိုင်ရန် သွေးလှူရှင်၏ ကျန်းမာရေးကို အထူးဂရုပြု စောင့်ရှောက်ပေးရန်၊ သွေးလှူရှင်သည် သွေး လှူဒါန်းနေစဉ် ကျန်းမာရေးချို့ယွင်းပါက တာဝန်ယူ ကုသ ဆောင်ရွက်ပေးရန် နေ့ည ၂၄ နာရီ အချိန်မရွေး ပေးနိုင်ရန်၊ ကြိုတင်ပြင်ဆင်မှုများလုပ် ဆောင်ရန် ဟူသည့် အချက် ၅ ချက် ကို စည်းကမ်းအနေဖြင့် သတ်မှတ် ဆောင်ရွက်လျက် ရှိသည်။

မြောက်ဥက္ကလာပ သွေး အကူအညီပေးရေး အဖွဲ့၏ လိုအပ်ချက်ကို တာဝန်ခံ ဒေါ်သန်းသန်းနုက “ကျွန်မတို့က ငွေကြေးထက် တကယ့်သွေး လှူပေမယ့် သွေးအလှူရှင်တွေကို အဓိက လိုအပ် ပါတယ်။ သွေးလိုတဲ့ အချိန် ဝေဒနာရှင်တွေက ဖုန်းဆက် အကြောင်းကြား တဲ့အခါ ကျွန်မတို့က ရပ်ကွက် ထဲ ဆိုင်ကယ်နဲ့ သွေးလှူပေးမယ့် သူကို လိုက်ရှာရတယ်။ ကျွန်မတို့ သွေး အကူအညီပေးရေး အဖွဲ့ရဲ့ လိုအပ်ချက်ဖြစ်တဲ့ သွေးကို များသော အားဖြင့် သံဃာတော်တွေ ဆီကပဲရတာ များတယ်” ဟု ပြောကြားသည်။

သွေးလှူဒါန်းရာ၌ လှူမည့်သူကို သွေးဖောက်နိုင်ရန် ဆေးရုံသို့ ခေါ်ကာ သွေးအားပြည့်ဝခြင်းနှင့် သွေးဖိအား ပုံမှန်ဖြစ် မဖြစ်ကို တိုင်းတာရသည်။ ထိုသို့ သွေးစစ် စမ်းသပ်ခနှင့် သွေးဖောက်အပ်၊ သွေးအိတ်များ၏ တန်ဖိုး ၅ဝဝဝ ဝန်းကျင် ကို BG မှ ဆင်းရဲသည့် လူနာရှင် များအတွက် တတ်နိုင်သမျှ အကုန်ကျခံ ဆောင်ရွက်ပေး ခဲ့ကြောင်း၊ လှူဒါန်းပေး မည့်သူ သွေးလှူနေစဉ် တစ်စုံတစ်ရာ ဖြစ်ပွားပါက ဆောင်ရွက်ပေးနိုင်ရန် သွေး အကူအညီပေးရေး အဖွဲ့မှ တာဝန်ခံ ပုဂ္ဂိုလ်တစ်ဦး လိုက်ပါ တာဝန်ယူ ဆောင်ရွက်ပေးရကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် NLD-BG ၏ လုပ်ငန်းစဉ်နှင့် ရည် ရွယ်ချက်များသည် အရေးပေါ် အသက်ကယ် သွေးလှူဒါန်းနိုင် ရန်၊ လူငယ်များ စာရိတ္တမဏ္ဍိုင်မြင့်မား တိုးတက်စေ ရန်၊ လူငယ်များအား အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်လာစေရန်၊ ဆင်းရဲချို့တဲ့မှုနှင့် အလုပ်လက်မဲ့များ ပပျောက်စေရန်၊ သဘာဝ ဘေးအန္တရာယ်များ ကြိုတင် ကာကွယ် အကူ အညီ ပေးနိုင်ရန် တို့ ဖြစ်သည်။

ထို့ကြောင့် BG သည် သွေးလှူဒါန်းခြင်း သာမက အခြားပရဟိတ လုပ်ငန်းများဖြစ်သည့် ပညာဒါန၊ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်လျက် ရှိသည်။ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် BG မှ ဧရာဝတီ တိုင်း ညောင်တုန်းမြို့နယ်၊ ဖိုးစုံစု ကျေးရွာရှိ ကျောင်းသားအယောက် ၄ဝဝ အတွက် စာသင်ခုံများကို ပညာဒါန ပြုရန် လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။

အရေးပေါ် အသက်ကယ် သွေးလှူဒါန်း လိုသူများနှင့် အရေးတကြီး သွေးလိုအပ်သူများသည် အမှတ် ၁၈၇၊ တုဿီတာ လမ်းမ၊ (က)ရပ် ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကိုအေးနိုင်+မသန်းသန်းနု ဖုန်း- ဝ၉-၄၃၁၈၆၅၈၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

ဝဝ၅

ဆက်စပ်သတင်းများ

အရုဏ်ဦး လူမှုကူညီရေး အသင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇၊ ၂ဝ၁၃
ခရေမိသားစု ဒါနပြုအဖွဲ့

ခရေမိသားစု ဒါနပြုအဖွဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ၊ ၂ဝ၁၃

ဘဝမြင့်မိုရ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂၊ ၂ဝ၁၂

အမေ့အရိပ် နယ်စည်းမခြား ပညာဒါနကျောင်း

ရန်ကုန်၊ နိုဝင်ဘာ ၁၈၊ ၂ဝ၁၂

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*