ပညာရေး သတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဒီဇင်ဘာ ၂၉၊ ၂၀၁၆

မြန်မာနိုင်ငံ၏ ပညာရေး အခန်းကဏ္ဍကို ပံ့ပိုးရန်အတွက်ဟု ဆိုကာ Samsung Myanmar က ၄င်း၏ Samsung Tech Institute အစီအစဉ်ခွဲ အနေဖြင့် သန်လျင် နည်းပညာ တက္ကသိုလ်နှင့် ပူးပေါင်း၍ Networking Training တစ်ခုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ကြောင်း Samsung Myanmar မှ PR and Citizenship Manager ကိုစိုးသူရက ပြောကြားသည်။

Samsung Tech Institute ၏ အဆိုပါ သင်တန်းအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် မှ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက် အထိ တစ်လတာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သန်လျင် နည်းပညာ တက္ကသိုလ် Electronic Engineering ဌာနရှိ သင်တန်းသူ၊ သင်တန်းသား အယောက် ၆၀ တက်ရောက်မည် ဖြစ်ကာ အပတ်စဉ် ( စနေ၊ တနင်္ဂနွေ မှ အပ) နေ့လည် ၂ နာရီ မှ ၄ နာရီ အထိ သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Samsung Myanmar မှ သင်တန်းအတွက် လိုအပ်သည့် ကွန်ပျူတာ မော်နီတာများ၊ လေအေးပေးစက်များ ၊ မီးအားထိန်းညှိစက်နှင့် အခြားသော စာရေး ကိရိယာ ပစ္စည်းများအား သန်လျင် နည်းပညာ တက္ကသိုလ်သို့ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

“အခု သန်လျင်နည်းပညာ တက္ကသိုလ်နဲ့ ပူးပေါင်းပြီး ဖွင့်လှစ်လိုက်တဲ့ ဒီ Networking Training ဟာ မြန်မာနိုင်ငံမှာ အကောင်အထည် ဖော်နေတဲ့ ကျွန်တော်တို့ Samsung Tech Institute Program အောက်က တတိယမြောက် သင်တန်း အမျိုးအစားတစ်ခုပါ” ဟု ကိုစိုးသူရ က ဆိုသည်။

သင်တန်း ပြီးဆုံးပြီးချိန်တွင် အရည်အချင်းစစ် စာမေးပွဲအား ကျင်းပသွားမည် ဖြစ်ပြီး အရည်အချင်း ပြည့်မီသော သင်တန်းသူ၊ သင်တန်းသားများအား လူတွေ့ အင်တာဗျူး နှင့် အရည်အချင်းစစ် စာမေးပွဲများ ကျင်းပကာ နောက်ဆုံးအဆင့် ရွေးချယ်ခံရသည့် သင်တန်းသူ၊ သင်တန်းသား ၁၀ ဦးအား သင်တန်းဆင်းပွဲတွင် Cisco Exam ၀င်ကြေးအား ဆုကြေးအဖြစ် အသီးသီး ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*